ပေါက်တောမြို့တွင် မဟာသင်္ကြန်အကြတ်နေ့ ရေလောင်း ရေပက်ခံသူများဖြင့် စည်ကား

ပေါက်တော ဧပြီ ၁၅

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ နှစ်သစ်ကူးမဟာသင်္ကြန်အကြတ်နေ့ ယနေ့တွင် ရေလောင်း ရေပက်ကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပေါက်တောမြို့နယ်တွင် မဟာသင်္ကြန်နှစ်သစ်ကူးကာလ သင်္ကြန်အကြတ်နေ့၌ မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာများတွင်နေအိမ်ရှေ့များတွင် ရခိုင်ရိုးရာ ဓနိလက်များဖြင့် မဏ္ဍပ်ငယ်များ ဆောက်လုပ်ပြီး မိသားစုများ၊ အသင်းအဖွဲ့များ၊ မိတ်ဆွေသူငယ်ချင်းများစုပေါင်း၍ လည်းကောင်း၊ ကားများ၊ သုံးဘီးဆိုင်ကယ်များ၊ နှစ်ဘီးဆိုင်ကယ်များဖြင့် ရေပက်ခံထွက်သူများ၊ လမ်းလျှောက် လာသူများအား ရေပက်ကစားကာ စည်ကားလျက်ရှိသည်။

ပေါက်တောမြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့တွင် ရေလောင်းရေပက် ကစားခြင်းကို မြို့ပေါ် ရပ်ကွက်နေ ပြည်သူများနှင့် ကျေးရွာနေပြည်သူများက ကားများ၊ သုံးဘီးဆိုင်ကယ်များ၊ နှစ်ဘီးဆိုင် ကယ်များ၊ ထော်လာဂျီများ၊ လမ်းလျှောက်သူများဖြင့် လာရောက်ကာ ရေပက်ခံထွက်ပြီး အေးချမ်းစွာဖြင့် ရေကစားလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)