ချောင်းဆုံ ဧပြီ ၁၆
မဟာသင်္ကြန်အကြတ်နေ့တွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များနှင့် အချို့သော ကျေးရွာများတွင် အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများနှင့် စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိသည်။
နှစ်သစ်ကူးမဟာသင်္ကြန် အချိန်ကာလတွင် မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများ၌ ဥပုသ်သီတင်း သီလဆောက်တည်ကြသူများ တရားစခန်းများတွင်လည်း တရားဘာဝနာအားထုတ်ကြသူများ ရေကစား မဏ္ဍပ်များတွင် ရေကစားကြသူများနှင့် စတုဒီသာ (မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း၊ အုန်းနို့ခေါက်ဆွဲ၊ ရွှေရင်အေး) စသည့် အကျွေးအမွေးများနှင့် ကျွေးမွေးလှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)