မဟာသင်္ကြန်အထိမ်းအမှတ် ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

တောင်ကြီး ဧပြီ ၁၆

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မဟာ သင်္ကြန်အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဂေါက်သီး ရိုက်ပြိုင်ပွဲ ဆုပေးပွဲကို ဧပြီ(၁၄)ရက် ညနေ့(၆)နာရီက အေးသာယာဂေါက်ကလပ်၌ ကျင်းပသည်။

ဆက်လက်၍ နေရာအရောက်ဂါရဝ ဂုဏ်ပြုဆုများကို ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်နှင့် ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းတို့က ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်တို့ကို ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ ပါဝင်ယှဉ်ပြိုင် ကြသော ပြိုင်ပွဲဝင်အသင်းများမှ Team Best ရရှိသော ကစားသမားများအား ဆုချီးမြှင့်ရာ အမျိုးသမီး တစ်ဦးချင်း (အကျော့မဲ့) ပြိုင်ပွဲတွင် တတိယဆုရရှိသော လားရှိုးအသင်းကို ဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၁)သိန်း၊ ဒုတိယဆုရရှိသော တောင်ကြီး(က) အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၂)သိန်း၊ ပထမဆု ရရှိသော အောင်ပန်း(က)အသင်းကို ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၃)သိန်းတို့ကို ပြည်နယ်အားကစားပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း (အကျောပေး)ပြိုင်ပွဲတွင် တတိယဆုရရှိသော လားရှိုးအသင်းကို ဆုတံဆိပ်နှင့် ငွေသားကျပ်(၁)သိန်း၊ ဒုတိယဆုရရှိသော အောင်ပန်း(က)အသင်းကို ဆုတံဆိပ်နှင့် ငွေသားကျပ်(၂)သိန်း၊ ပထမဆုရရှိသော တောင်ကြီး(က) အသင်းကို ဆုတံဆိပ်နှင့် ငွေသားကျပ်(၃)သိန်းတို့ကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက ချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသားတစ်ဦးချင်း (အကျော့မဲ)ပြိုင်ပွဲတွင် ပဉ္စမဆုရရှိ သော အောင်ပန်း(က)အသင်း၊ စတုတ္ထရရှိသော တောင်ကြီး(ခ)အသင်းတို့ကို ငွေသားဆုကျပ်(၁)သိန်းစီ၊ တတိယဆုရရှိသော အောင်ပန်း(က)အသင်းကို ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၂)သိန်း၊ ဒုတိယဆုရရှိသော တာချီလိတ်(က)အသင်းကို ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၃)သိန်း၊ ပထမဆုရရှိသော တာချီလိတ်(က) အသင်းကို ဆာတံဆိပ်နှင့် ငွေသားဆုကျပ်(၄)သိန်းတို့ကို ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက ဆုချီးမြှင့် ပေး၍ လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် (အကျောပေး)ပြိုင်ပွဲတွင် တတိယဆုရရှိသော အောင်ပန်း(ခ) အသင်းကို ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၃)သိန်း၊ ဒုတိယဆုရရှိသော ကျိုင်းတုံအသင်းကို ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၄)သိန်း၊ ပထမဆုရရှိသော တောင်ကြီး(က)အသင်းကို ဆုဖလားနှင့် ငွေသားဆုကျပ်(၆)သိန်း တို့ကို ပြည်နယ်လုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးက ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသားအသင်းလိုက် (အကျောမဲ့) ပြိုင်ပွဲတွင် တတိယဆုရရှိသော မိုင်းဆတ်အသင်းကို ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၀)သိန်း၊ ဒုတိယဆုရရှိသော အောင်ပန်း(က)အသင်းကို ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၂) သိန်း၊ မထမဆုရရှိသော တာချီလိတ်(က)အသင်းကို ဆုဖလားနှင့် ငွေသားဆုကျပ်(၁၅)သိန်းတို့ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးက ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အသက် ၅၅ နှစ်အောက် ဧည့်သည်တော် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပဉ္စမဆုရရှိသော ဦးစိုးလင်းအား ငွေသားဆု ကျပ် (၁) သိန်း၊ စတုတ္ထဆုရရှိသော ဦးအောင်ဆွေမြင့်အား ငွေသားဆုကျပ် (၂) သိန်း၊ တတိယ ဆုရရှိသော ဦးကျော်ကျော်သိန်းအား ငွေသားဆု ကျပ် (၃) သိန်း၊ ဒုတိယဆု ရရှိသော ဦးလှမင်းအား ငွေသားဆု ကျပ် (၃) သိန်း၊ ပထမဆုရရှိသော ဦးထွန်းကျော်အား ငွေသားဆု ကျပ် (၅)သိန်းတို့ကို ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသမီး အသင်းလိုက် အကျောမဲ့ ပြိုင်ပွဲတွင် တတိယဆုရရှိသော ကလောအသင်းကို ဆုတံဆိပ်နှင့် ငွေသားကျပ် (၃) သိန်း၊ ဒုတိယဆု ရရှိသော လားရှိူးအသင်းကို ဆုတံဆိပ်နှင့် ငွေသားကျပ် (၅) သိန်း၊ ပထမဆုရရှိသော အောင်ပန်း(က) အသင်းကို ဆုတံဆိပ်နှင့် ငွေသားဆု ကျပ် (၈)သိန်းတို့ကို ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အသက် (၅၅)နှစ်အထက် ဧည့်သည်တော် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဒသမဆု ရရှိသော ဦးထင်အောင်နိုင်၊ ဆဌမဆုရရှိသော ဦးဝင်းမောင်၊ ပဉ္စမဆုရရှိသော ဦးဝင်းနိုင်၊ စတုတ္ထဆုရရှိသော ဦးခင်မောင်ညှိတို့ကို ငွေသားဆု ကျပ် (၁)သိန်းစီနှင့် တတိယဆုရရှိသော ရဲမှူးချုပ်တင်ကိုကိုအား ငွေသားဆု ကျပ် (၂) သိန်း ၊ ဒုတိယဆု ရရှိသော ဦးစိုင်းသော်ဝင်းအား ငွေသားဆု ကျပ် (၃) သိန်း၊ ပထမဆုရရှိသော ဦးမြင့်လွင်အား ငွေသားဆုကျပ် (၅)သိန်းတို့ကို ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသားတစ်ဦးချင်း အကျောပေးပြိုင်ပွဲတွင် ပဉ္စမဆုရရှိသော ကလောအသင်း၊ စတုတ္ထဆု ရရှိသော အောင်ပန်း (ခ) အသင်းတို့ကို ငွေသားဆု ကျပ် (၁)သိန်းစီနှင့်  တတိယဆုရရှိသော အောင်ပန်း (က) အသင်းကို ငွေသားဆု ကျပ် (၂) သိန်း၊ ဒုတိယဆု ရရှိသော မိုင်းဆတ်အသင်းကို ငွေသားဆု ကျပ်(၃) သိန်း၊ ပထမဆုရရှိသော တာချီလိတ် (က) အသင်းကို ငွေသားဆု ကျပ် (၄) သိန်းတို့ကို ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသား အသင်းလိုက် အကျောပေးပြိုင်ပွဲတွင် တတိယဆု ရရှိသော အောင်ပန်း (ခ) အသင်းကို ငွေသားဆု ကျပ်(၈) သိန်း၊ ဒုတိယ ဆုရရှိသော အေးသာယာ (က) အသင်းကို ငွေသားဆုကျပ် (၁၀) သိန်း၊ ပထမဆု ရရှိသော အသင်းကို ဆုဖလားနှင့် ငွေသားဆု ကျပ်(၁၂)သိန်းတို့ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် က ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ တံခွန်စိုက်ဆုဖလားရရှိသော အောင်ပန်းအသင်းအား  ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာကျော်ထွန်းက ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)