ဒလ ဧပြီ ၁၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို သင်္ကြန်အကြတ် နေ့တွင် မဟာသင်္ကြန် မဏ္ဍပ်၌ ယိမ်အဖွဲ့များက မြနန္နာသီချင်းဖြင့်လည်းကောင်း၊ စတူရီယို အဆိုတော်များကလည်း မြူးမြူးကြွကြွ တေးသီချင်းများဖြင့် ဖျော်ဖြေ၍ ပြည်သူများ ပျော်ရွှင်စွာ လှည့်လည်ရေကစားကြပြီး စတုဒီသာများအနေဖြင့် သင်္ကြန်ထမင်းနှင့် မုန့်လက်ဆောင်းများ ဧည့်ခံကျွေးမွေးကြသည်များလည်း ရှိပါသည်။
ဆက်လက်၍ ဒလမြို့နယ်တွင်းရှိ ရပ်ကွက်များတွင် ပြည်သူများပျော်ရွှင်စွာ ရေကစားကြပြီး စတုဒိသာ အကျွေးအမွေးများဖြင့် သင်္ကြန်အကြတ်နေ့တွင်လည်း ဧည့်ခံကျွေးမွေးလျက် ရှိကြောင်း သိရသည်။
ဒလ(ပြန်/ဆက်)