လယ်ဝေးမြို့နယ်တွင် မဟာသင်္ကြန်အ​တက်နေ့၌ နှစ်ဦးကုသိုလ် ကောင်းမှုပြုကြသူများ၊ ရေကစားကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာဆင်နွှဲ

လယ်ဝေး ဧပြီ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်အတက်နေ့၌ ​ မြို့နယ်အတွင်းရှိ လူငယ်များ၊ ကလေးငယ်များ ရေပက်ကစားနေမှု များဖြင့် မဟာသင်္ကြန်အတက်နေ့အား ပျော်ရွှင်စွာ ဆင်နွဲလျက်ရှိသည်။

ထို့ပြင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင်လည်း မြန်မာ့ရိုးရာနှစ်ဦးကာလတွင်၊ ဥပုသ် သီတင်းသီလဆောက်တည်ခြင်း၊ စတုဒီသာကျွေးမွေးလှူဒါန်းခြင်း၊ ငါးလွှတ်ခြင်း၊ သက်ကြီး ပူဇော်ပွဲများ ကျင်းပခြင်း စသည့်နှစ်ဦး ကုသိုလ်ကောင်းမှုပြုသူများ၊ ရေကစားသူများဖြင့် မြန်မာ့ရိုးရာ သင်္ကြန်ကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)