သုံးခွမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ သင်္ကြန်မဏ္ဍပ်များတွင် ပျော်ရွှင်စွာရေကစားကြပြီး စတုဒိသာများကျွေးမွေး

သုံးခွ ဧပြီ ၁၅

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် မြန်မာရိုးရာနှစ်သစ်ကူး သင်္ကြန်အကြတ်နေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် အေးချမ်းပျော်ရွှင်စွာ ရေပက်ခံထွက်သူများ၊ ရေပက်သူများ၊ သင်္ကြန်မဏ္ဍပ်တွင် တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်မှုများ၊ စတုဒိသာကျွေးမွေးမှုများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သုံးခွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖျော်ဖြေရေးမဏ္ဍပ်အား စီစဉ်ဆောင်ရွက်ထားရှိကာ မဟာသင်္ကြန်အကြတ်နေ့ဖြစ်သည့် ယနေ့တွင်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးရှေ့ရှိ ရေကစားမဏ္ဍပ်၌ ပျော်ရွှင်စွာရေကစားခြင်းနှင့် ဧည့်ခံကျွေးမွေးခြင်း အစီအစဉ်များ စီစဉ်ဆောင်ရွက်ထားရှိကာ ပြည်သူများမှ ပျော်ရွှင်စွာ ရေကစားလျက်ရှိသည်။ ထို့အပြင် ကျေးရွာအသီးသီးရှိ ရေကစားမဏ္ဍပ်များ တွင်လည်း စတုဒိသာအဖြစ် ထမင်း၊ ဟင်း၊ မုန့်ဟင်းခါး မုန့်လုံးရေပေါ်နှင့် အအေးများဖြင့် ကျွေး မွေးဧည့်ခံပြီး ပြည်သူများမှ လာရောက်သုံးဆောင်ကြပြီး အတာရေပက်ကစားကြသူများ၊ ရေပက်ခံ ထွက်သူများနှင့် သင်္ကြန်ချစ်သူပြည်သူများက အတာရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိသည့်အပြင် ဘုရားကျောင်းကန်များတွင်လည်း ၁၃၈၃ခု တခူးလပြည့် သင်္ကြန်အကြတ်နေ့၌ ဥပုသ်သတင်းသီလဆောက်တည်သူများလည်း များပြားကြောင်းသိရသည်။

စည်သူလင်း (ပြန်/ဆက်)