ပျဉ်းမနား ဧပြီ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်အကြတ်နေ့၌ ကန်တော်မင်္ဂလာရှမ်းကန်ပတ်လမ်းရှိ မြို့နယ်မဟာသင်္ကြန် စတုဒိသာအလှူမဏ္ဍပ်တွင် စတုဒိသာလှူဒါန်းမှုများနှင့် ရေပက်ကစားကြသူများဖြင့် မဟာသင်္ကြန်အကြတ်နေ့အား ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိသည်။
ထို့ပြင် မြို့နယ်အတွင်းရှိရပ်ကွက်အသီးသီးနှင့် ကျေးရွာများတွင်လည်း လူငယ်များ ပျော်ရွှင်စွာ ရေပက်ကစားမှုများနှင့် ဘုန်းတော်ကြီးကျောင်းများ၌လည်း မြန်မာ့ရိုးရာနှစ်ဦးကာလ ကုသိုလ်ကောင်းမှု ပြုကြသူများ၊ ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)