ဗန်းမော် ဧပြီ ၁၅
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြတ်နေ့ကို ယနေ့နံနက် ၁၀ နာရီက ဗန်းမော်မြို့ ၂မိုင် အောင်သာရပ်ကွက်ရှိ ဗလမင်းထင်ဂေါက်ကွင်းအနီး၌ အဆိုပါ ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှများနှင့် တေးသီချင်းများ ကပြဖျော်ခြင်း၊ မြန်မာ့ရိုးရာ မဟာသင်္ကြန် အတာရေကစားခြင်းကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျင်းပရာတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနာယကအဖွဲ့၊ ဗန်းမော်ရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် တာဝန်ရှိသူများတို့က တက်ရောက်အားပေးကြပြီး ယိမ်းအဖွဲ့များမှ အကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ အဆိုတေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခြင်းနှင့် မဟာသင်္ကြန် ရေကစားခြင်း၊ စတုဒိသာများ ဧည့်ခံကျွေးမွေးခြင်းကို ကျင်းပလျက်ရှိရာ ဒေသခံပြည်သူများတို့က စည်ကားသိုက်မြိုက်စွာဖြင့် ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
အလားတူ ဗန်းမော်တပ်နယ်ရှိ မဟာသင်္ကြန်မဏ္ဍပ်များနှင့် ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့ မိသားစု၏ ရေကစားမဏ္ဍပ်တို့ကလည်း ယိမ်းအကအလှများနှင့် တေးသီချင်းများ ကပြဖျော်ခြင်း၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်အတာရေကစားခြင်းနှင့် စတုဒိသာများ ဧည့်ခံကျွေးမွေးခြင်းများကို စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)