သန်လျင် ဧပြီ ၁၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့ဖြစ်သော ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်ရေကစားမဏ္ဍပ်တွင် ရေပက်ခံကားများ ရေကစားသူများဖြင့် စည်ကားလျက်ရှိပြီး ရပ်ကွက်ကျေးရွာ လမ်းအသီးသီး၌ အုန်းလက်မိုးများဖြင့် ယာယီမဏ္ဍပ် ဆောက်၍ ပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။
မြန်မာတို့၏နှစ်သစ်ကူးသင်္ကြန်ကာလတွင် ပျော်ရွှင်စွာရေကစားခြင်းနှင့်အတူ စတုဒိသာကျွေးမွေး လှူဒါန်းခြင်းများကလည်း ချစ်စရာမြန်မာ့ဓလေ့ကို ဖော်ညွန်းလျက်ရှိသည်။ သန်လျင်မြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ကျင်းပရေးကော်မတီမှ ရေကစားသူများ၊ ရေပက်ခံထွက်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အဖွဲ့များခွဲကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)