မော်လမြိုင် ဧပြီ ၁၅
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်အကြတ်နေ့၌မော်လမြိုင်မြို့ပေါ်ရှိ ဗဟိုမဏ္ဍပ်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ရေပက်ခံကစားသူများ၊ သင်္ကြန်ယိမ်းအကအဖွဲ့များ၊ ဥပုသ်သီလဆောက်တည်ကြသူများ၊ စတုဒိသာမုန့်များဖြင့် ဘုရားဖူးလာပြည်သူ များအား အလှူဒါနပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
အတာသင်္ကြန် နှစ်သစ်ကူးအခါသမယတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ အထင်ကရနေရာများနှင့် ရပ်ကွက်/ ကျေးရွာများတွင် စတုဒီသာများ ကျွေးမွေးဧည့်ခံခြင်း၊ လမ်းသွားလမ်းလာပြည်သူများ၊ မော်တော်ယာဉ်များ၊ သုံးဘီးမော်တော်ဆိုက်ကယ်များဖြင့် ရေပက်ခံထွက်ခြင်း၊ လူငယ်များမှလည်း လမ်းလျှောက်ကာ လှည့်လည်၍ ရေပက်ခံထွက်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)