ဥတ္တရသီရိမြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့၌ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိ

ဥတ္တရသီရိ      ဧပြီ    ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ၁၃၈၃-၈၄ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်အကြတ်နေ့၌ မြို့နယ်ဗဟိုမဏ္ဍပ်နှင့် ရပ်ကွက်/ကျေးရွာအတွင်းရှိ လူငယ်များ၊ကလေးငယ်များမှ ရေပက်ကစားနေမှုများ၊ စတုဒိသာကျွေးမွေးသည့် မဏ္ဍပ်များဖြင့် မဟာသင်္ကြန်အကြတ်နေ့အား ပျော်ရွှင်စွာ ဆင်နွဲလျက်ရှိသည်။

ထို့ပြင် မြို့နယ်အတွင်းရှိ  မဟာသကျရံသရုပ်ရှင်တော်မြတ်ကြီးနှင့် အခြားဘုရား စေတီများတွင်လည်း ဥပုသ်သီလ ဆောက်တည်သူများ၊ ဘုရားဖူးလာရောက်သူများ၊ ငလိုက်ဆည်နှင့် ငလိုက်ဆင် စခန်းတွင်လည်း လာရောက်လည်ပတ်သူများ၊ သင်္ကြန်အကြတ်နေ့ ရေပက်ခံထွက်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ဥတ္တရ(ခရိုင်ပြန်/ဆက်)