တောင်ကြီးမြို့၌ တန်ခူးလပြည့်နေ့ သင်္ကြန်အကြတ်ရက်တွင် ဘုန်းကြီးကျောင်းတက် ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိ

တောင်ကြီး    ဧပြီ     ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော တန်ခူးလပြည့်နေ့ သင်္ကြန်အကြတ်ရက်တွင် ဘုန်းကြီးကျောင်းတက် ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

တောင်ကြီးမြို့နေပြည်သူများအနေဖြင့် တန်ခူးလပြည့်နေ့ သင်္ကြန်အကြတ်ရက်တွင် ဘုန်းကြီးကျောင်းများတွင် ငါးပါးသီလခံယူခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်ခြင်း၊ ဆွမ်းခဲဖွယ်များ ဆက်ကပ်ခြင်းနှင့် ဘုန်းကြီးကျောင်း တက်လာကြသူများအား အလှူရှင်များမှ စတုဒိသာကျွေးမွေးခြင်း စသည့်ကုသိုလ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

တောင်ကြီးမြို့တွင် သင်္ကြန်ကာလအတွင်း ရိုးရာယဉ်ကျေးမှုနှင့်အညီ ရေကစားကြသူများ၊ ဘုန်းကြီးကျောင်းတက် ကုသိုလ်ယူကြသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

ဇော်နိုင်လင်း