ကျောက်ဆည်မြို့နယ်တွင် သင်္ကြန်အကြတ်နေ့၌ စတုဒိသာကျွေးသူများ ဥပုသ်သီလဆောက်တည်သူများနှင့် အေးချမ်းစည်ကား

ကျောက်ဆည် ဧပြီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သင်္ကြန်အကြတ်နေ့ဖြစ်သည့် ဧပြီ(၁၅)ရက်နေ့၌ ရပ်ကွက်/ကျေးရွာများတွင် စတုဒိသာကျွေးသည့် ကုသိုလ်ရှင်များ၊ ဥပုသ်သီလဆောက်တည်သူများနှင့် အေးချမ်းစည်ကားလျက်ရှိကြောင်း သိရှိရသည်။

သင်္ကြန်ကာလဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ့ရဲ့ နှစ်သစ်ကူးကာလဖြစ်ကြောင်းနှင့် နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကူးကာလမှာ ကံကောင်းခြင်းများ၊ အေးချမ်းပျော်ရွှင်မှုများ ရရှိခံစားရစေရန်အတွက် သင်္ကြန်ကာလရက်အတွင်းမှ ကုသိုလ်ဒါနအဖြစ် ပဲဟင်းချို၊ ငရုပ်သီးကြော်နဲ့ ထမင်းစတုဒိသာ ကုသိုလ်ပြုခြင်းများကို နှစ်စဉ်မပြတ် ကျွေးရွာအတွင်းနှင့် ရွာဦးကျောင်းမှာ ဥပုသ်သီလ လာရောက် ဆောက်တည်သူများအား ကုသိုလ်ပြုလုပ်ဖြစ်ကြောင်း ပြည်ပန်းကျေးရွာမှ  ဦးထွန်းအောင်ကျော်က ပြောပြပြီး အခုလို ရွာသူရွာသားတွေ ပျော်ပျော်ပါးပါးနဲ့ ချက်ကြပြုတ်ကြနဲ့ ကျွေးမွေးတာမြင်တော့ စိတ်ထဲမှာ အလိုလိုပျော်ရွှင်မိကြောင်း နောင်နှစ်တွေမှာ ယခုစတုဒိသာကုသိုလ်ရှင်လို  ကုသိုလ်ပြု လုပ်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ထမင်းလာရောက်သုံးဆောင်သည့် ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံများကိုလည်း ကြားသိခဲ့ရသည်။

သက်မောင်