မအီ ဧပြီ ၁၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ မဟာသင်္ကြန်အကျနေ့တွင် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၌ ကုသိုလ်ဒါနပြုသူများ၊ ရပ်ကွက်/ကျေးရွာများအတွင်း စတုဒိသာ ဧည့်ခံကျွေးသူများရှိပြီး မအီမြို့ရှိ အထင်ကရနေရာများရှိ မဏ္ဍပ်ငယ်များနှင့် မအီမြို့လယ် ရန်ကုန်-ကျောက်ဖြူလမ်းမဘေးရှိ မြို့မဗဟိုမဏ္ဍပ်တွင် ကပြသီဆိုဖျော်ဖြေမှုများဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲကြသူများ စည်ကားများပြားလျက်ရှိကြောင်းသိရသည်။
အဆိုပါမြို့မဗဟိုမဏ္ဍပ်သို့ မအီမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦကျော်ပု၊ ခလရ(၉၈)မှ ဒုတိယဗိုလ်မှူးကြီး သိန်းစောနိုင်၊ မအီနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ဝင်ထွန်းနိုင်၊ မအီတိုက်နယ်ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာမင်းနိုင်ကျော်နှင့် မအီမြို့ပေါ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များက အေးချမ်းပျော်ရွှင်စွာ သင်္ကြန်ရေပက်ဖျန်းရေကစားခဲ့ကြပြီး သင်္ကြန်အကြတ်နေ့ နှင့် သင်္ကြန်အတက်နေ့တို့တွင်လည်း ဤသို့ ယိမ်းအကများဖြင့် ကပြဖျော်ဖြေခြင်း၊ စတုဒိသာများ ကျွေးမွေးခြင်း အေးချမ်းပျော်ရွှင်စွာ ရေကစားခြင်း၊ တောင်ကုတ်မြို့မှ FINGERSPLUS တီးဝိုင်းဖြင့် ဧည့်ခံသီဆိုဖျော်ဖြေခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့မဗဟိုမဏ္ဍပ်ဖြစ် မြောက်ရေးကော်မတီက သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)