ကျိုက္ခမီမြို့ ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး သင်္ကြန်အကျနေ့၌ ဘုရားဖူးလာပြည်သူများ ဖြင့် အထူးစည်ကား

သံဖြူဇရပ် ဧပြီ ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက္ခမီမြို့ ရေလယ်ဆံတော်ရှင်မြတ် ဘုရားကြီး သင်္ကြန်အကျနေ့တွင် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

အဆိုပါ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများအနေဖြင့် ယခုအခါ သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည် ပိတ်ထားခြင်းကြောင့် မိသားစုများ၊ အပေါင်းအဖော်များနှင့် အတူစုပေါင်း လာရောက်ပြီး ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီးအား လာရောက်ဖူးမျှော် ကုသိုလ်ယူခြင်းနှင့် ပြည်တွင်းမှ ခရီးသွားပြည်သူများအနေဖြင့်လည်း လာရောက်ဖူးမြော်ခြင်းဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)