ကိုကိုးကျွန်း ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်း ခရိုင်ကိုကိုးကျွန်းမြို့နယ်၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ကိုကိုးကျွန်းမြို့နယ် သာသနာမဏ္ဍိုင်ကျောင်းအတွင်းရှိ ရဟန်းနှင့် ရှင်အပါး(၅၉)ပါးအား အမှတ်၃စစ်ဗျူဟာမှူး အမှတ်၂၈ ရေတပ်အခြေစိုက်စခန်းမှ အရာရှိစစ်သည် မိသားစုများ၊ ကိုကိုးကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးနှင့် မိသားစုများ၊ မီးသတ်တပ်ဖွဲ့ဝင်မိသားစုများ၊ ဒေသခံပြည်သူများ ကိုကိုးကျွန်းမြို့နယ်လေတပ်စခန်းမှ အရာရှိသည်များ ဆွမ်းဆန် စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။
ထို့နောက် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်တွင် အမှတ် ၃ စစ်ဗျူဟာမှူးအမှတ် ၂၈ ရေတပ်အခြေစိုက်စခန်းမှူး စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေရေးအဖွဲ့မှ အကများဖြင့် ကပြဖျော်ဖြေကြသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အကအဖွဲ့များအား အမွှေးနံ့သာ ရေများ ပက်ဖြန်းပေးခဲ့ပြီး အကအဖွဲ့များက အဖွဲ့လိုက် ကပြဖျော်ဖြေ ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)