ကွန်ဟိန်း ဧပြီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ၂၀၂၂ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် ၊ရေပေါ်မဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်(၁၁:၀၀)နာရီအချိန်ခန့်က ဝိန်းလုံရေချိုးဆိပ် (ရေပေါ်သင်္ကြန်မဏ္ဍပ်)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရ သည်။
ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးဝင်းနိုင်က မဟာသင်္ကြန်နှုတ်ခွန်းဆက် အဖွင့် အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် စစ်ဗျူဟာအဖွဲ့(အခြေချ)ကွန်ဟိန်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းနိုင်၊ ဌာနေပြည်သူ့စစ် (တပ်မဟာ-၇)မှ ဦးကွမ်းခေး၊ နမ့်ခုံးရှမ်းများပရဟိတအသင်းဥက္ကဋ္ဌ ဦးစိုင်းညို၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးစိုင်းထွန်းကြည်တို့မှ ရေပေါ်သင်္ကြန်မဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ ယိမ်းအကအဖွဲ့များနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကများ၊ သင်္ကြန်အကများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်