ဇေယျာသီရိ ဧပြီ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ပေါင်းလောင်းမြစ်ကမ်းသို့ ၂၀၂၂ခုနှစ် သင်္ကြန်အကျနေ့တွင် လာရောက်လည်ပတ်သူများ များပြားလျက်ရှိကြောင်း သိရ သည်။
အဆိုပါမြစ်သည် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာတွင် တည်ရှိပြီး နှစ်စဉ်လာရောက်အပန်းဖြေသူ ထောင်သောင်းမကရှိရာ “ဒီမြို့နယ်မှာဆိုလည်း လှေခွင်းတောင်ဘုရားက တန်ခိုးအကြီးဆုံးလေ၊ မြစ်ကမ်းကလည်း အရမ်းအေးချမ်းပြီး အပန်းဖြေစရာကောင်းတော့ လူတွေကဒီမှာလာပြီး ဘုရားလည်းဖူး အပန်းလည်းဖြေလာ ရောက်ကြတာ၊ သင်္ကြန်ရက်တွေမှာလည်း ဒီမှာအစည် ဆုံးပဲဗျ၊ ကိုဗစ်စဖြစ်ကတည်းက အများ ပြည်သူတွေလည်း ဒီလိုမလည်ပတ်ရတာကြာပြီလေ၊ ခုလိုလူစည်စည်ကားကားနဲ့ မြင်ရတွေ့ရ တော့ ဝမ်းသာမိတယ်၊ ဒီမှာကလူပေါင်းစုံတယ် နယ်ပေါင်းစုံကလာလည်ကြတာ၊ ဒီနှစ်ဒီမြို့နယ် မှာတောင် မဏ္ဍပ်မရှိတော့ ပြည်သူတွေက ဒီမှာလာစုကြတယ်၊ ဒီမြစ်က ကျွန်တော်တို့ဒေသခံ တွေအတွက်တော့ အလွန်ပင်အကျိုးပြုပါတယ်” ဟု ကျည်တောင်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးကြည်ထွန်းဒေသထံမှ သိရသည်။
ဇေယျာသီရိမြို့နယ်အတွင်းရှိ လှေခွင်းတောင် တန်ခိုးကြီးဘုရားနှင့် ပေါင်းလောင်းမြစ်ကမ်းသို့ သင်္ကြန်ကာလရက်များတွင် ဘုရားဖူးအပန်း ဖြေလာရောက်လည်ပတ်သူများ မြစ်အတွင်းရေနစ် သေဆုံးမှုမရှိစေရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များ ပူးပေါင်း၍ Speed Board ဖြင့် မြစ်အတွင်း လှည့်လည်၍ ကြည့်ရှုစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)