ဟိုပုံး ဧပြီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၁၃၈၃ ခုနှစ် မဟာသင်္ကြန်အကျနေ့တွင် ဟိုပုံးမြို့ မဟာသင်္ကြန်မဏ္ဍပ်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစား သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
နှစ်သစ်ကူးအခါသမယတွင် ဒေသခံပြည်သူများသည် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ တွင် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားစခန်းများ၌ တရားဘာဝနာပွားများခြင်းဖြင့် ကုသိုလ်ယူကြ သည်။ ထို့ပြင် ရပ်ကွက်၊ ကျေးရွာများတွင် နှစ်စဉ်ရိုးရာမပျက် မုန့်လုံးရေပေါ်၊ စတုဒီဿာများ ဧည့်ခံ ကျွေးမွေးရာ၊ ဒေသခံပြည်သူများနှင့် ရေပက်ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)