ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း မဟာဗန္ဓုလလမ်းပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်၌ ပါဝင်ဆင်နွှဲ

ရန်ကုန် ဧပြီ  ၁၄

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့(သင်္ကြန်အကျနေ့) နံနက်ပိုင်း၌ ကျင်းပလျက်ရှိသည့် မဟာဗန္ဓုလပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲခဲ့သည်။

ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်တွင် မဟာဗန္ဓုလလမ်းမှ ကုန်သည်လမ်းပေါ်အထိ မုခ်ဦးများနှင့် ရေပန်းများ တပ်ဆင်ထားကာ ဖျော်ဖြေရေးစင်မြင့်များဖြင့်လည်း ဖျော်ဖြေလျက်ရှိပြီး အများပြည်သူများကလည်း စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)