ပေါင်မြို့နယ် မိုးနှိုင်းရပ်ကွက်၌ သက်ကြီးပူဇော်ကန်တော့ပွဲကျင်းပ

ပေါင် ဧပြီ ၁၄

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် မိုးနှိုင်းရပ်ကွက်တွင် (၁၃၈၃)ခုနှစ် မဟာသင်္ကြန်ကာလအတွင်း အသက် ၈၀ နှစ်အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယမန်နေ့ ညနေက မိုးနှိုင်းရပ်ကွက် အတွင်း လှည့်လည်ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

သက်ကြီးပူဇော်ကန်တော့ပွဲတွင် ဘိုး/ဘွား(၁)ဦးလျှင် ငွေကျပ်(၁၄၀၀၀)တန်ဖိုးရှိ ကန်တော့ပစ္စည်း များအား ဘိုး/ဘွား(၆၄)ဦးအား အဖွဲ့(၅)ဖွဲ့ခွဲကာ သင်္ကြန်ကာလအတွင်း အလှည့်ကျ သွားရောက်ကာ ဘိုး/ဘွားများ၏ နေအိမ်သို့ တစ်အိမ်တက်ဆင်း လိုက်လံပူဇော်ကန်တော့ ခဲ့ကြသည်။

အဆိုပါ ပူဇော်ကန်တော့ပွဲတွင် စု‌စုပေါင်းငွေကျပ် (၈၉၆၀၀၀)ရှစ်သိန်းကိုးသောင်းခြောက်ထောင်ကျပ်ခန့် လှူဒါန်းပူဇော်ကန်တော့ခဲ့ကြောင်း သတင်းရရှိသည်။

တင်ဇာစိုး