မိုင်းတုံမြို့နယ်တွင် မြန်မာရိုးရာ မဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မိုင်းတုံ ဧပြီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့မပန်းခြံကွင်း‌တွင်  ဌာနဆိုင်ရာ များ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ စုပေါင်းဆောက်လုပ်ထားသော မြန်မာ့ရိုးရာ မဟာသင်္ကြန်  ပွဲတော်ဖျော်ဖြေရေး ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယ​မန်နေ့ ညနေ ၅ နာရီအချိန်က ကျင်းပပြုလုပ်ရာ စစ်ဗျုဟာမှူး ဗိုလ်မှူးကြီ ဇော်မင်းဦးနှင့် အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်‌ရေးမှူးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် စစ်ဗျူဟာအခြေချမိုင်းတုံမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းဦးက ၁၃၈၃-၈၄  ခုနှစ် နှောင်းတန်ခူးလဆန်း(၁၃)ရက်  ၁၃-၄-၂၀၂၂ ရက်နေ့တွင်  ကျင်းပပြုလုပ်သော မိုင်းတုံမြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်း ချမ်းမြေ့စွာဖြင့် မိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် စိတ်ချမ်း သာ၊ ကိုယ်ကျန်းမာစေကြောင်း   နှစ်ဟောင်မှ အညစ်အကြေးများကို အတာရေဖြင့် ပက်ဖျန်း ဆေးကြောပြီး နှစ်သစ်မင်္ဂလာယူ‌ လေ့ရှိပါကြောင်း နှစ်သစ်အကြို ဆုတောင်းစကားပြောကြားခဲ့ သည်။

ဆက်လက်၍  မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ဖျော်ဖြေရေးဗဟိုမဏ္ဍပ်အား စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့မိမြို့ဖဥက္ကဋ္ဌ ဦးလှမောင်တို့က သင်္ကြန်ဗဟိုမဏ္ဍပ်အား  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖျော်ဖြေရေးယိမ်းအဖွဲ့ များမှ မြူ​​​မှောင်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ  အခမ်းအနားသို့ တက်ရောက်လာသူများဖြစ်သည့်  မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ ဧည့်ပရိတ်သတ်များနှင့် ယိမ်းအကအဖွဲ့များအား  အမွှေးနံ့သာရေများ  ပက်ဖျန်းပေးခဲ့ကြ သည်။

ထို့နောက် မဟာသင်္ကြန်ပွဲတော်  ဖျော်ဖြေရေးမဏ္ဍပ်တွင် ပြိုင်ပွဲဝင် မောင်မယ်များက အက အလှများဖြင့် ဆက်လက်အလှည့်ကြ ကပြ‌ ဖျော်ဖြေပေးရာ စစ်ဗျုဟာမှူး ဗိုလ်မှူးကြီး‌ ဇော်မင်းဦးနှင့် အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် အဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်သည်တော်များမှ ကြည့်ရှုအားပေးခဲ့သည်။

မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာ နှစ်သစ်ကူးအစီအစဉ်များဖြင့် အစဉ်အလာမပျက်ကျင်းပ ပြုလုပ်ရာ အကြို၊ အကျ၊ အကြတ်၊ အတက်နေ့များတွင် စတုဒိတာများ ကျွေးမွေးလှူဒါန်းခြင်း၊ ရေပက်ကစားခြင်းများ ပြုလုပ်သွားမှာဖြစ်ပြီး နှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးဘိုး/ဘွားများ အား ပူးဇော်ကန်တော့ခြင်း၊ ဘေးမဲ့ငါးလွှတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)