မိုင်းဆတ် ဧပြီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကို ယမန်နေ့ညနေ ၄ နာရီက မယ်ဆွမ်မြောက်ရပ်ကွက်၊ လိမ္မော်သီးလမ်းဆုံရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပ ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က နှစ်သစ်ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ၁၃၈၃ ခုနှစ်၊ မိုင်းဆတ်မြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သော်ဇင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် တာဝန်ရှိသူများ မြို့မိမြို့ဖများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြခဲ့သည်။
ဆက်လက်ပြီး သင်္ကြန်ယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခို သီချင်းဖြင့် ကပြ သီဆို ဖျော်ဖြေပြီး အခမ်းအနားသို့တက်ရောက်လာသူများက အမွှေးနံ့သာရေဖြင့် ရေပက်ဖျန်း၍ ရေကစားကြကြောင်းသိရ သည်။
မိုင်းဆတ်မြို့၌ မဟာသင်္ကြန်ပွဲတော်ကျင်းပနေစဉ်ကာလအတွင်း ယိမ်းအကများ၊ တေးသီချင်း များဖြင့်နေ့စဉ် ဖျော်ဖြေ၍ စည်ကားသိုက်မြိုက်စွာဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
မြင့်မောင်(မိုင်းဆတ်)