မိုးမိတ် ဧပြီ ၁၄
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးကို ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မဟာသင်္ကြန်အကြိုနေ့ဖြစ်သော ယမန်နေ့ညနေ ၄ နာရီက မြရည်နန္ဒာပန်းခြံအတွင်းရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအဖြစ် ရပ်ကွက်၊ ကျေးရွာများမှ ယိမ်းအကအဖွဲ့ အသီးသီးက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျောဖြေခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက နှစ်သစ်မှာ ကျန်းမာချမ်းသာပြီး အေးချမ်းစွာ နေထိုင် နိုင်ရေးအတွက် ဆုမွန်ကောင်းများတောင်းပြီး ယိမ်းအကအဖွဲ့များအား အတာရေဖြင့် ပက်ဖျန်းခဲ့ကြပြီး ယိမ်းအကအဖွဲ့များက မြန်မာ့ရိုးရာမဟာသင်္ကြန်သီးချင်းများဖြင့် ကပြ ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအတွင်း သင်္ကြန်အကြိုနေ့မှစတင်၍ ယိမ်းအက အဖွဲ့များက ကပြဖျော်ဖြေခြင်း၊ စတုဒိတာကျွေးမွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ရိုးရာ မဟာသင်္ကြန်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
စည်သူဌေး(ခရိုင်ပြန်/ဆက်)