မာန်အောင် ဧပြီ ၁၄
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ နှစ်သစ်ကူးအတာသင်္ကြန်အကြို ယမန်နေ့ညနေပိုင်းက မြို့ပေါ် ရပ်ကွက်နေပြည်သူများမှ ရှေးဟောင်းသမိုင်းဝင်ဘုရား၊ ပုထိုး၊ စေတီတော်များနှင့်ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်ပြီး ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်အား ရေသပ္ပာယ်ပူဇော်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်များအား ရေသပ္ပာယ်ပူဇော်ရာတွင် မြို့ပေါ်ရပ်ကွက်များရှိ ရှေးဟောင်းဘုရား၊ ပုထိုး၊ စေတီတော်များဖြစ်သည့် ရန်အောင်မြင်ရပ်ကွက်ရှိ ဓာတ်တော်စေတီတော်၊ ရန်အောင်မြင်ဘုရားစေတီတော်၊ မြို့မရပ်ကွက်ရှိ မဟာထီးဘုရားစေတီတော်၊ အနောက်စုရပ်ကွက်ရှိ လေးဆူမြတ်ရှင်သီရိကျက်သရေဘုရားစေတီတော်နှင့် ဘုန်းတော်ကြီးကျောင်းများရှိ ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်များအား ဗုဒ္ဓဘုရားရှင်မြတ်ကို ရည်မှန်း၍ ရေသပ္ပာယ်ကြပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကာ ပူဇော်ခဲ့ကြကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)