မောင်တော ဧပြီ ၁၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၁၃၈၃-၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန် ကညင်တန်းရပ်ကွက်ရှိ ဗဟိုလ်မဏ္ဍပ် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက နှစ်သစ်ကူးအမှာစကားပြောကြားပြီး ၂၀၂၂ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ရိုးရာယဉ်ကျေးမှု အဖွဲ့များက အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြပြီး တာဝန်ရှိသူများက ယိမ်းအဖွဲ့များ၊ ပရိသတ်များအား ရေပတ်ဖျန်း၍ တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး(ပြန်/ဆက်)