မိုင်းယောင်း ဧပြီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နှစ်သစ်ကူးသင်္ကြန်ပွဲကို ယမန်နေ့က အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။ သင်္ကြန်အကြိုနေ့အတွင်း ရေပက်ခံထွက်သူများ၊ ရေပက်သူများ၊ သင်္ကြန်မဏ္ဍပ်များဖြင့် တေးဂီတဖျော်ဖြေတင်ဆက်မှုများ၊ စတုဒိသာကျွေးမွေးမှုများအပြင် စျေးရောင်းချသူများဖြင့် စည်ကားခဲ့သည်။
သင်္ကြန်အကြိုနေ့တွင် မိုင်းယောင်းမြို့နယ်တစ်ခွင်လုံး၌ အတာရေပက်ကစားကြသူများ၊ ရေပက်ခံထွက်သူများနှင့် သင်္ကြန်ချစ်သူပြည်သူများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ အစဉ်အလာ အမွေအနှစ်ကောင်းများကို ထိန်းသိမ်းကာ ယိမ်းအက၊ ရိုးရာအက၊ အဆို၊ ရှမ်းသိုင်းအကတို့ဖြင့် အတာရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာဖြင့် မြူးတူးပျော်ရွှင်စွာ ရေကစားကြရာ ဗလမင်းထင်လမ်းတစ်လျှောက်နှင့် မြို့တွင်းအနှံ့ သင်္ကြန်ရေကစားမဏ္ဍပ်၊ နမ့်ယောင်းချောင်းတစ်လျှောက်တို့၌ စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
စိုင်းအောင်ဇော်လင်း