မင်းပြား ဧပြီ ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်သေကံကျေးရွာရှိ အရှေ့ဖက်လေးမြို့မြစ် ရေလယ်ပေါ်တွင် တည်ထားကိုးကွယ်လျှက်ရှိသော အထင်ကရ ဘုရားတစ်ဆူဖြစ်သည့် ဝက်ဖြူကျွန်းဘုရားကြီးအား ရခိုင်ရိုးရာစဉ်လာမပျက် ဘုရားရေသပ္ပယ်ပွဲကို ယနေ့က အဆိုပါဘုရား၌ စည်ကား သိုက်မြိုက်စွာကျင်းပပြုလုပ်သည်။
ဝက်ဖြူကျွန်ရေလယ်ဘုရားသည် မင်းပြားမြို့နယ် စမ္ဘလေအုပ်စုသေကံကျေးရွာ၏ အရှေ့ဖက်လေးမြို့ မြစ်ရေလယ်ကျွန်းပေါ်တွင် ရှေးရခိုင်ဘုရင်များလက်ထက်က တည်ထားကိုးကွယ်ခဲ့သော ရေလယ်ကျွန်း ဘုရားတစ်ဆူဖြစ်ပြီး ဝက်ဖြူကျွန်းရေလယ်ဘုရားဟု ခေါ်တွင်ကာ ဘုရားဖူးများ စည်ကားလျှက်ရိုသော တန်းခိုးကြီးဘုရားတစ်ဆုဖြစ်ပါသည်။
အဆိုပါဝက်ဖြူကျွန်းရေလယ်ဘုရားကို အနီးအနားကျေးရွာများနှင့် မြို့ပေါ်မှ စေတနာရှင်များစုပေါင်း ပြီးသေကံကျေးရွာလူငယ်များအစည်းအရုံးက ဦးဆောင်ပြီးဘုရားရေသပ္ပယ်ခြင်းကို ပျော်ပျော်ပါးပါး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သိန်းနုအောင်