နောင်ချို ဧပြီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာ ဓမ္မရိပ်သာ၌ ပဉ္စမအကြိမ်မြောက် မိုးကုတ်ဝိပဿနာ တရားစခန်းဖွင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
ဖွင့်ပွဲတွင် သဖန်းကိုင်းပရဟိတဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာလင်္ကာရ အရှင်သူမြတ်မှ ဩဝါဒကထာချီးမြှင့်ပြီး ဂုတ်ထိပ်ကျောင်းဆရာတော်အရှင်သူမြတ်မှ ဝိပဿနာသင်တန်းနှင့် ပတ်သက်သော စည်းကမ်းချက်များကို ရှင်းလင်းမိန့်ကြားခဲ့သည်။
အဆိုပါ တရားစခန်းသို့ မြို့နယ်အတွင်းရှိ ယောဂီသူတော်စင် ၁၅၃ ဦး တက်ရောက်တရားဘာဝနာများ အားထုတ်ကြပြီး တရားစခန်းကို ၇ ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှ သိရသည်။
ထွေးငယ်၊ ပြန်/ဆက်