ညောင်ဦးခရိုင် မီးသတ်စခန်း ဝန်ထမ်းမိသားစုမှ သင်္ကြန်အကြိုနေ့ မုန့်လုံးရေပေါ် စတုဒိသာကျွေး

ညောင်ဦး ဧပြီ ၁၃

၁၃၈၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် အကြိုနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး ခရိုင်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းမိသားစုများသည် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်ကြသည့် ခရီးသွားဘုရားဖူးများကို မုန့်လုံးရေပေါ် စတုဒီသာပြုလုပ် ကျွေးမွေးခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင် (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်သော ညောင်ဦးခရိုင်အတွင်းရှိ မီးသတ်ဝန်ထမ်း မိသားစုများသည် သင်္ကြန်အကြိုနေ့တွင် ညောင်ဦး-ကျောက်ပန်းတောင်း လမ်းမကြီးဘေး၊ ခရိုင်မီးသတ်ဦးစီးဌာန၊ စခန်းရှေ့တွင် သင်္ကြန်တွင်း အကြိုနေ့အဖြစ် မုန့်လုံးရေပေါ် စတုဒိသာပြုလုပ်ပြီး ကားများရပ်တန့် စားစေခြင်း၊ မရပ်သည့်ကားများ၊ ဆိုင်ကယ်များ၊ တုတ်တုတ်များ၊ ခရီးသည်တင်ကားများအား မုန့်လုံးရေပေါ်များ အိတ်ဖြင့်ထည့်ပြီး ဝေမျှပေးခြင်း၊ စတုဒိသာပြုလုပ် ကုသိုယ်ပြုခဲ့ကြောင်း သိရသည်။ မုန့်လုံးရေပေါ်စတုဒိသာ ကျွေးခြင်းများအား အကြို၊ အကျ၊ အကြတ်နေ့များတွင်လည်း မုန့်လုံးရေပေါ် စတုဒိသာပြုလုပ်ကျွေးမွေး ဝေငှသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကိုထိန်၊ KPD