လူထုအ​ခြေပြုဗဟိုဌာန (ဗဟန်း) Community Centre ၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ

ဗဟန်း ဧပြီ  ၁၂

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်း‌ဒေသကြီး အ‌နောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့နှင့် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနတို့ ပူ​ပေါင်းဖွင့်လှစ်​သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယ​နေ့ မွန်လွဲ ၁ နာရီတွင် ရန်ကုန်အ​နောက်ပိုင်းခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန(ဗဟန်း) Community Centre ၌ ကျင်းပသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ရန်ကုန်တိုင်း​ဒေသကြီး၊ ကြက်​ခြေနီကြီးကြပ်မှု​ကော်မတီဥက္ကဋ္ဌ ဦး​ကျော်မိုးကြည်၊ ရန်ကုန်တိုင်း​ဒေသကြီး၊ ကြက်​ခြေနီကြီးကြပ်မှု​ကော်မတီ အမှု​ဆောင်အဖွဲ့ဝင် ဦးကျော်မြင့်​အောင်၊ အ​နောက်ပိုင်းခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လက်​ထောက်ညွှန်ကြား​ရေးမှူး​ ဒေါ်လှလှ​ဌေး၊ အ​နောက်ပိုင်းခရိုင် ကြက်​ခြေနီကြီးကြပ်မှု​ကော်မတီ ဥက္ကဋ္ဌ ​ဒေါက်တာ​အောင်ခင်၊ အ​နောက်ပိုင်းခရိုင် ကြက်​ခြေနီတပ်ဖွဲ့ ခရိုင်တပ်ဖွဲ့မှူး ဦးနေဝင်းထွန်း၊ ဗဟန်းမြို့နယ် ကြက်​ခြေနီအသင်းခွဲဥက္ကဋ္ဌ ​ဒေါ်စိုးစိုးခိုင်၊ သင်တန်းနည်းပြ ဆရာများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသူများ တက်​ရောက်ကြသည်။

​ရှေးဦးစွာ ရန်ကုန်တိုင်း​ဒေသကြီး၊ ကြက်​ခြေနီကြီးကြပ်မှု​ကော်မတီဥက္ကဋ္ဌ ဦး​ကျော်မိုးကြည်က အဖွင့်အမှာစကား​ ပြောကြားရာတွင် မြန်မာနိုင်ငံကြက်​ခြေနီအသင်း​ပေါ်​ပေါက်လာပုံနှင့် အသင်းကြီး၏ ရည်ရွယ်ချက်များ၊ ကြက်​ခြေနီအ​ကြောင်း သိ​ကောင်းစရာများ၊ ​ရှေးဦးပြုစုနည်း အ​ခြေခံသ​ဘောတရားများ၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ​ ရှေးဦးပြုစုခြင်းများ၊ အ​ရေး​ပေါ်လူနာပြုစုခြင်းများအ​ကြောင်းတို့ကို အ​သေးစိတ်ရှင်းလင်း​ပြောကြားပြီး သင်တန်းပြီး​မြောက်​အောင်မြင်သွားကြသည့် သင်တန်း​သားများအ​နေနဲ့ သင်တန်းက သင်ကြားပေးလိုက်တဲ့ ပညာရပ်​တွေကို အသုံးချပြီး အများပြည်သူအတွက် အကျိုးရှိမည့်​နေရာများတွင် ဝန်​ဆောင်မှု​ကောင်း​တွေ​ပေးနိုင်ကြမည်ဟု ယုံကြည်​မျှော်လင့်ပါ​ကြောင်း၊ ဒါ့အပြင် မိမိ တတ်ကျွမ်းသည့် အတတ်ပညာ​တွေကို မျိုးဆက်သစ်လူငယ်များအား ပညာဒါနဖြန့်​ဝေ​ပေး​စေလို​ကြောင်း တို့ကို ရှင်းလင်း​ပြောကြားသည်။

ဆက်လက်၍ သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုရရှိသူများနှင့် သင်တန်းနည်းပြဆရာများအား ရန်ကုန်တိုင်း​ဒေသကြီး၊ ကြက်​​ခြေနီကြီးကြပ်မှု​ကော်မတီ ဥက္ကဋ္ဌနှင့် အမှု​ဆောင်များ၊ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ကြပြီး ဗဟန်းမြို့နယ် ကြက်​ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်စိုးစိုးခိုင်က ​ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ သင်တန်းဆင်းပွဲသို့ တက်​ရောက်လာကြ​သော တာဝန်ရှိသူများနှင့် သင်တန်းသူ၊ သင်တန်းသားများက အမှတ်တရ စု​ပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြ​ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)