မြစ်ကြီးနား ဧပြီ ၁၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာနှင့် အောင်မြေ(၁) ကျေးရွာတို့ တွင် ဧပြီ ၈ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရာ ယမန်နေ့ ညနေပိုင်းတွင် ဝိုင်းမော်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့က အိမ်ထောင်စုသုံးပစ္စည်းများကို သွားရောက်ထောက်ပံ့ခဲ့ကြသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာနှစ်ရွာအတွင်းရှိ နေအိမ်ထိခိုက်ပျက်ဆီးခဲ့သော အိမ်ထောင်စု ၁၃ စုတို့အား ဝိုင်းမော်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် စေတနာလုပ် အားရှင်များက တစ်အိမ်ထောင်လျှင် အိမ်ဆောက်အထောက်အကူပစ္စည်း (၁)စုံစီ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများ၊ တာဘော်လစ်မိုးကာ (၁)ချပ်စီတို့ကို သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်း သိရှိရသည်။
စိန်ဝင်း(ပြန်/ဆက်)