ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

မောင်တော ဧပြီ  ၁၂

ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် မဟာသင်္ကြန်ကာလအတွင်း ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ယနေ့ နံနက် ၇ နာရီအချိန် မြို့ဦးရွှေစည်းခုံ ဆံတော်မြတ်စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး သန့်စင်၊ မြို့နယ် မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင်၊  ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် မိသားစုဝင်များက မြို့ဦးရွှေစည်းခုံ စေတီတော်ကြီးတွင် မဟာသင်္ကြန်ကာလအတွင်း ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင် ရေးအတွက် စေတီတော်ကြီးအား ရေသပ္ပာယ်ခြင်း၊  ရင်ပြင်အနီးအနားရှိ အမှိုက်သရိုက်များ၊ မြက်ပင်၊ ပေါင်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ တံမြက်စည်းလှဲခြင်းတို့ကို စုပေါင်းသန့်ရှင်းရေးပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)