ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အေရိုဗစ်သင်တန်းဆင်းပွဲကျင်းပ

ကျောက်ဆည် ဧပြီ ၁၂

မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီးဖွင့်လှစ်သည့် အေရိုးသင်တန်းဆင်းပွဲအား ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

သင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးအစီအစဉ်အဖြစ် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အေရိုးဗစ်သင်တန်း (အခမဲ့)ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ သင်တန်းနည်းပြဆရာမ မဂျူးမြတ်နိုးစံက အေးရိုဗစ်အကသည် အထောက်အကူပြုပစ္စည်းများမပါဘဲ အမျိုးသား၊ အမျိုးသမီး/ လူကြီး၊ လူငယ်မရွေး တေးသွားသံစဉ် သီချင်းတီလုံးများဖြင့် စိတ်လွတ်လပ်ပေါ့ပါးစွာ၊ စိတ်ပျော်ရွှင်စွာစီးမျောကစားပြီး စိတ်အပန်းဖြေမှုတွေ ပြုလုပ်၍ရခြင်းကြောင့်ကျောင်းသားလူငယ်များအတွက် များစွာအထောက်အကူဖြစ်စေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အေရိုးဗစ်သင်တန်းကို ဧပြီ(၁)ရက်နေ့မှ(၁၂)ရက်နေ့အထိ(၁၂)ရက်ကြာ အခမဲ့သင်ကြားဖွင့်ခဲ့ပြီး သင်တန်းတွင် သင်တန်းသား/သင်တန်းသူ(၃၀)ဦးတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းဆင်းပွဲတွင် သင်တန်းသား/ သင်တန်းသူများက အေရိုးဗစ်အကဖြင့် ကပြဖျော်ဖြေခဲ့ပြီး သင်တန်းနည်းပြဆရာမ မဂျူးမြတ်နိုးစံအား ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ပေးအးပ်ခဲ့ကြောင်းနှင့် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ရှေးဦးပြုစုခြင်း သင်တန်း၊ ကာရာတေးဒိုသင်တန်းများလည်း အခမဲ့ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။

သက်မောင်(ကျောက်ဆည်)