လှည်းကူး ဧပြီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ် ၍ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် တစ်ကြိမ်တစ်ခါမျှ မထိုးရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက စခန်းကြီးကျေးရွာအုပ်စုတွင် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ခြင်း မရှိသေးသည့် ဒေသနေပြည်သူများတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စု တာဝန်ရှိသူများက ကာကွယ်ဆေးထိုးရန် လာရောက်သည့်ပြည်သူများအား စာရင်းရေးသွင်းပေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းပေးခြင်း၊ အပူချိန်တိုင်းပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကျေးရွာများ အရောက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အေးအေးနွဲ့(လှည်းကူး)