ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ငါန်းဇွန် ဧပြီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံး ကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန်နေ့ နံနက် ၉ နာရီမှစ၍ မြို့မဇုံမှ (၄၈)ဦး၊ မြို့သာဇုံမှ (၂၉၃)ဦး၊ ခြင်္သေ့လက်ဇုံမှ (၃၆)ဦး၊ သားကျင်ဇုံမှ (၁၅၇)ဦး၊ ဂျိုဇုံမှ(၁၀)ဦး၊ သံဘိုဇုံမှ (၁၅)ဦး၊ ရေလည်သောင်ဇုံမှ (၂၈၇)ဦးနှင့် ကုလားရွာဇုံမှ (၆၃)ဦး၊ စုစုပေါင်း (၉၀၉)ဦးနှင့်  ထိုးနှံပေးခဲ့ကြောင်း သိရသည်။                                                                ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မတ် ၂၉ ရက်နေ့မှ ဧပြီ ၁၁ ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ နဝမအသုတ် ပထမအကြိမ် (၁၂၉၄၅)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။           သက်နောင်ဦး(ငါန်းဇွန်)