ဒဂုံတောင် ဧပြီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း မဟာသင်္ကြန်ကာလအတွင်း ဖျော်ဖြေရေးမဏ္ဍပ်များတည်ဆောက်နေမှုများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအခြေအနေအား ယမန်နေ့နံနက် (၁၀:၃၀)အချိန်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်တို့ရောက်ရှိပြီး မဟာသင်္ကြန်မဏ္ဍပ်တည်ဆောက်ရာတွင် ခိုင်ခံ့မှုရှိစေရေးနှင့် မလိုလားအပ်သော မတော်တဆမှုများ မဖြစ်ပေါ်စေရေးတို့အတွက် အဓိကထား ဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး ၄ ခန်း တွဲ ၅ ထပ် ထွေအုပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။ ထို့နောက် မြေပြင်တည်ဆောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သက်မင်းဟန် (ဒဂုံတောင်)