ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Astra Zeneca ၊ Sinopharm ၊ Covishield များဆက်လက်ထိုးနှံပေး

ဝမ်းတွင်း ဧပြီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ်အထက်ရှိသူများနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာစုရပ်များ၊ နေအိမ်များအရောက် ကွင်းဆင်းထိုးနှံခြင်းနှင့် မြို့အဝင်ဂိတ်၌ ခရီးသွားပြည်သူများအား ထိုးနှံပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယခုလို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများ အရောက် ထိုးနှံပေးခြင်း၊ သတ်မှတ်ထားသောစုရပ်များနှင့် မြို့အဝင်ဂိတ်တို့၌ ထိုးနှံပေးရာတွင် မြို့ ပေါ်ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အသက်(၆၅)နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်စာရင်းများ ရေးသွင်းခြင်းများဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသူများကို ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့် ယမန်နေ့က Astra Zeneca First Dose Phase.9 အဖြစ်(၂၂၅၀)ဦး၊ Sinopharm First Dose Phase.9 အဖြစ်(၂၀၀)ဦး၊ Covishield Second Dose Phase.8 အဖြစ်(၁၆၅)ဦး၊ Booster Dose Covaxin(၄၀)ဦး၊ စုစုပေါင်းပြည်သူ (၂၆၅၅)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဝမ်းတွင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးများ ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် သက်မှတ်ထားသော ဆေးထိုးစုရပ်များအပြင် မြို့အဝင်ကျန်းမာရေးစစ်ဆေးဂိတ်ဖွင့်လှစ်၍ ထိုးနှံပေး ခြင်း၊ နေအိမ်များအရောက်ကွင်းဆင်း၍ ထိုးနှံပေးခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများ အောင်မြင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)