ချီဖွေမြို့နယ်၌ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး ခေါင်းစဉ်ဖြင့် အထက်တန်းဆင့် ကျပန်းစကား‌ပြောပြိုင်ပွဲကျင်းပ

ချီဖွေ ဧပြီ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများအား ကာယဉာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ် စိတ်ဓာတ်ရှင်သန်ရေး‌ ခေါင်းစဉ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့ သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး)၊ ဦးဂွါဇာလေးက ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အ.ထ.က (ချီဖွေ)မှ ဆရာမဒေါ်ကီဆွမ့်က ပြိုင်ပွဲစည်းကမ်းများကိုရှင်းလင်းပြောကြားသည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(ချီဖွေ)မှကျောင်းသား/သူ (၁၀)ဦးတို့က ကျွန်တော်/ကျွန်မ မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ခဲ့သော်‌ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျွန်တော်အနုပညာရှင်တစ်ဦး ဖြစ်ခဲ့သော်‌ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျွန်တော်၊ ကျွန်မလူငယ့် ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သော်‌ ခေါင်းစဉ်လည်း‌ကောင်း တစ်ဦးချင်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ်ဆုရရှိသည့် ကျောင်းသား/သူတို့အား ဦးစီးအရာရှိ (တာဝန်ပေး) ဦးဂွါဇာလေးက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)