ကျိုင်းတုံမြို့၌ သင်္ကြန်ကာလအတွင်း ပြည်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များထုတ်ပြန်

ကျိုင်းတုံ ဧပြီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် မဟာသင်္ကြန်ကာလအတွင်း ရိုးရာယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မလိုလားအပ်သောဖြစ်စဉ်များ မဖြစ်ပွားစေရန် စည်းကမ်းချက်များကို ဒေသန္တရအမိန့်(၂/၂၀၂၂)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဧပြီ ၇ ရက်က ထုတ်ပြန်ကြေညာထားသည်။

အဆိုပါအမိန့်တွင် သူတစ်ပါးအား ဒဏ်ရာအနာတရဖြစ်စေပြီး လူနှင့်ယာဉ်ကို အန္တရာယ်တစ်စုံတစ်ရာ ဖြစ်စေနိုင်မည့် ကြမ်းတမ်းသည့် ရေကစားမှုများ လုံးဝ(လုံးဝ)မပြုလုပ်ကြရန်၊ မူးယစ်သောက်စား၍ မည်သည့်ယာဉ်မျှမမောင်းရ၊ အပျော်လွန်ကျူးပြီး စည်းကမ်းမဲ့ပြိုင်မောင်းခြင်း၊ လုမောင်းခြင်း၊ အရှိန်ပြင်းမောင်းနှင်ခြင်းမပြုရန်၊ သင့်ကြောင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ကို အကျဉ်းတန်ညှိုးနွမ်းစေ သည့် လုပ်ရပ်များ၊ ဥပဒေမဲ့စရိုက်လက္ခဏာလုပ်ရပ်များအား လုံးဝ(လုံးဝ)မပြုလုပ်ရန်၊ ချွန်ထက်သော ပစ္စည်းများ၊ ကပ်ပါး(ခ)ရဲဒင်းငယ်များ၊ သံလက်သီးများ၊ တုတ်၊ ဓား၊ ကတ်ကြေးများ အစရှိသည့် အများသူငှာအန္တရာယ်ဖြစ်စေသည့် တားမြစ်ကန့်သတ်ပစ္စည်းကို ဝှက်သိမ်းကိုင်ဆောင်၍ ရေကစားခြင်း နှင့် ရေပက်ခံထွက်ခြင်း မပြုလုပ်ရန် စသည့် ပြည်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များ ထုတ်ပြန်ထားပြီး လိုက်နာရန်နှင့် စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)