ညောင်ဦး ဧပြီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့ နံနက်ပိုင်းအချိန်ထိ ၂၃၈၁၅၄ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ညောင်ဦး မြို့နယ်တွင် သတ်မှတ်စုရပ်နေရာ နေရာအသီးသီး၌ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူ (၂၃၈၁၅၄)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း ဝေးလံသည့်ဒေသများနှင့် လာရောက်ဆေးထိုးရန် မလွယ်ကူသည့် နေရာဒေသများသို့လည်း နယ်လှည့်ကိုဗစ်ကာကွယ်ဆေးထိုး အဖွဲ့များဖြင့် သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ကိုထိန်၊ KPD