ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေလိုအပ်နေသည့် တာမဏီဘုန်းတော်ကြီးကျောင်းသို့ ရေဂါလံ ၁၆၀၀ လှူဒါန်း

ညောင်ဦ ဧပြီ ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ပုဂံမြို့ တာမဏီအုတ်ကျောင်းသို့ ယနေ့နံနက် ၁၁ နာရီအချိန်က သောက်သုံး ရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။

အဆိုပါ တာမဏီဘုန်းတော်ကြီးကျောင်းသည် ပုဂံမြို့တွင်ရှိပြီး နွေရာသီရောက်တိုင်း သောက်သုံးရေ ရှားပါးနေခြင်းကြောင့် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မိမိဌာနလုပ်ငန်းများအပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် ကျေးလက်နေပြည်သူများ/ ဘုန်းတော်ကြီးကျောင်းများမှ သောက်သုံးရေအကူညီတောင်းခံလာခြင်းကြောင့် ညောင်ဦးမြို့နယ်မီး သတ်ဦးစီးဌာနပိုင် မီးသတ်ရေသယ်ယာဉ်ဖြင့် တာမဏီဘုန်းတော်ကြီးကျောင်းအတွက်ရေဂါလံ၁၆၀၀၊လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောကြား၍သိရသည်။

ကိုထိန်၊KPD