မရမ်းကုန်း ဧပြီ ၁၀
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်း ခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက်မိဘပြည်သူများ ကာကွယ် ဆေးထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက် ၉:၃၀ နာရီအချိန်က အမှတ်(၅)ရပ်ကွက်ရှိ ချင်းတွင်းဓမ္မာရုံ၌ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စနစ်တကျ ဆေးထိုး နိုင်ရန် နေရာများ စီစဉ်ထားရှိခြင်းနှင့် ဆေးထိုးပြီးသူများ ခေတ္တနားနေရန်နေရာများ စီစဉ် ထားရှိခြင်းစသည့် လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)