အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ လေအေးပေးစက် တပ်ဆင်၊ ပြုပြင်ခြင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲကျင်းပ

ရန်ကုန် ဧပြီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ​လေအေး​ပေးစက်တပ်ဆင်၊ ပြုပြင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂)သင်တန်း ဆင်းလက်မှတ်​ပေးအပ်ပွဲ အခမ်းအနားကို ဧပြီ ၈ ရက်နေ့ နံနက် ၈ နာရီခွဲက ရန်ကင်းမြို့နယ် အမှတ် ၁၃ ရပ်ကွက် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်ရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ကလေးအလုပ်သမား ပပျောက် ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး​ပေး​ရေး လုပ်ငန်း​ကော်မတီအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသူများ တက်​ရောက်ကြသည်။

ရှေးဦးစွာ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံမှာရှိတဲ့ က​လေးအလုပ်သမား ကာကွယ်​စောင့်​ရှောက်မှု​တွေ​ပေးနိုင်ဖို့ အသက်​မွေးဝမ်း​ကျောင်းဆိုင်ရာ ပညာ​ရေးနှင့် ကလေး အလုပ်သမားပ​ပျောက်​ရေးဆိုင်ရာ လုပ်ငန်းစီမံချက်​ရေးဆွဲပြီး ပြည်​ထောင်စုနယ်​မြေ အပါအဝင် တိုင်း​ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ လိုအပ်​သောလုပ်ငန်းစဉ်တွေကို အဆင့်အလိုက် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်​နေ​ကြောင်း၊​ ကော်မတီအ​နေနဲ့ အလုပ်သမားဝန်ကြီးဌာန၊ ကျွမ်းကျင်မှု​လေ့ကျင့်​ရေးသင်တန်း​ကျောင်း (ရန်ကင်း)နဲ့ ပူ​ပေါင်းပြီး ပထမအကြိမ် ဂဟေဆက် သင်တန်းကို သင်တန်းသား(၂၀)ဦး၊ ဒုတိယအကြိမ်လျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်းသင်တန်းကို သင်တန်းသား(၃၂)ဦး၊ တတိယအကြိမ်​ လေ​အေး​ပေးစက်တပ်ဆင်/ ပြုပြင်သင်တန်းကို သင်တန်းသား (၂၅)ဦးဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့အနာဂတ်အတွက် လုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာ စာတွေ့၊ လက်တွေ့၊ အသိပညာ၊ အတတ်ပညာတွေကို ကြိုးစားသင်ယူ လေ့လာသွားကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊ သင်တန်းမှ ရရှိလာသည့် အသိပညာနှင့် ကျွမ်းကျင်မှုတွေကိုအသုံးချပြီး သက်ဆိုင်ရာလုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်ကိုင်ကြဖို့လို ကြောင်း၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု စံချိန်စံညွှန်းများနှင့် အညီ လက်တွေ့ကျွမ်းကျင်မှု ရှိသူများအား မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority NSSA) က ပြုလုပ်သည့် အမျိုးသားအဆင့် ကျွမ်းကျင်မှုစစ်​ဆေးအကဲဖြတ်ခြင်း အစီအစဉ်မှာ ဝင်​ရောက်​​ဖြေဆိုနိုင်ဖို့ သင်တန်း​ကျောင်းက​ နေစီစဉ် ဆောင်ရွက်​ပေးသွားမှာဖြစ်သည့်အတွက် လုပ်ငန်းအ​​တွေ့အကြုံ ရရှိလာပြီး အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရရှိဖို့အတွက် စစ်​ဆေးမှု​တွေမှာ ဝင်​ရောက်​ဖြေဆိုကြဖို့​ပြောကြားခဲ့သည်။

ဆက်လက်ပြီး​ လေ​အေး​ပေးစက်တပ်ဆင်/ ပြုပြင်ခြင်းသင်တန်းတွင် ထူးချွန်သင်တန်းသား(၃)ဦးအား သံယံဇာတ​ရေးရာဝန်ကြီး၊ တိုင်ရင်းသား​ရေးရာဝန်ကြီးတို့က ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

​အောင်မြင့်(ပြန်/ဆက်)