ကျောက်ဆည် ဧပြီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တစ်ပိုင်တစ်နိုင် ဖူးစားပြောင်းစိုက်ပျိုးသူများ ဈေးကောင်းရဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်းနှင့် စီးပွားဖြစ်စိုက်ပျိုးသူများ ပို၍အဆင်ပြေကြောင်း ရဲကြီးကျေးရွာမှ တောင်သူဦးဝင်းစိုးက ပြောပြသည်။
ဖူးစားပြောင်းစိုက်ပျိုးရာတွင် ပက်ကျဲစနစ်၊ မြေဘောင်စနစ် စသည့်အမျိုးမျိုးစိုက်ပျိုးကြပြီး မြေဘောင် စနစ်ဖြင့်စိုက်ပျိုးပါက ရေလိုအပ်သည့်အခါ လိုအပ်သလိုရေအသွင်းအထုတ်ပြုလုပ်နိုင်သဖြင့် အောင်မြင် မှုပို၍ရရှိကြောင်း ဖူးစားပြောင်းသီးနှံသည် ပိုးကြိုက်သည့်သီးနှံတစ်မျိုးဖြစ်သောကြောင့် ပိုမွှားကာကွယ် ဆေးများ(၁၀)ခြားဖျန်းပေးရကြောင်း ရောင်းဈေးအနေဖြင့် ဖူးစားပြောင်း အကြီးအသေးအပေါ် မူတည်ပြီး တစ်ဖူးလျင် ငွေကျပ်(၁၅၀)မှ (၂၀၀)ကျပ်အထိရောင်းရသဖြင့် ဖူးစားပြောင်း စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ဖူးစားပြောင်းများကို တိုက်နယ်(၁)တွင်(၄၃၀)ဧက၊ တိုက်နယ်(၂)တွင် (၄၂၀)ဧက၊ တိုက်နယ်(၄)တွင် (၁၃၀)ဧက၊ တိုက်နယ် (၅)တွင်(၃၅၂)ဧက၊ တိုက်နယ်(၆)တွင် (၂၀၅၄)ဧက၊ တိုက်နယ်(၈)တွင်(၉၄)ဧက၊ တိုက်နယ်(၉)တွင်(၅၀)ဧက၊ တိုက်နယ်(၁၀)တွင်(၁၃၂)ဧက၊ တိုက်နယ်(၁၁) တွင်(၇၄)ဧက၊ တိုက်နယ်(၁၂)တွင်(၇၆)ဧက စိုက်ပျိုးကြောင်း နှင့် တိုက်နယ်(၃)နှင့် တိုက်နယ်(၇)တွင် စိုက်ပျိုးခြင်း မရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှသိရှိရသည်။
သက်မောင်(ကျောက်ဆည်)