ရန်ကုန် ဧပြီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ရပ်ကွက်များအရောက် Mobile Team ဖြင့် ကျန်းမာရေးဝန်ထမ်းများက လှည့်လည်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈) နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့က မြို့နယ်အတွင်း ရပ်ကွက်များအရောက် MobileTeam ဖြင့် ကာကွယ်ဆေး လှည့်လည်ထိုးနှံပေးရာ (၃၃)ရပ်ကွက်အတွင်းရှိ ပြည်သူအမျိုးသား (၅၉) ဦး၊ အမျိုးသမီး(၆၄)ဦး စုစုပေါင်း(၁၂၃)ဦး၊ (၅၁) ရပ်ကွက်အတွင်းရှိ ပြည်သူ အမျိုးသား (၂၆) ဦး၊ အမျိုးသမီး(၂၈)ဦး၊ စုစုပေါင်း(၅၄)ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသတင်းရရှိသည်။
မြင့်မြင့်ရီ