မိုင်းဖြတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ ခဲပန်းချီ(အခမဲ့) သင်တန်းဆင်းပွဲကျင်းပ

မိုင်းဖြတ် ဧပြီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နွေရာသီ ခဲပန်းချီသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က သင်းတန်းမှရရှိသည့် အခြေခံခဲပန်ချီပညာရပ်များဖြင့် ဆက်လက်လေ့လာသင်ယူပါက ပန်းချီပညာရှင် အထိဆက်လက်လေ့လာ သင်ယူရန်လိုအပ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူအတွက်ဗလငါးတန်ဖွံ့ဖြိုးစေရေး သင်တန်းများ (အခမဲ့) ဖွင့်လှစ်ပေးသွားမည့် အခြေအနေ များနှင့် စပ်လျဉ်းပြီး အမှာစကားပြောကြားခဲ့သည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်နှင့်သင်တန်းနည်းပြဆရာမ ဒေါ်မာလာယော်က သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပန်းချီသင်တန်းတွင် တက်ရောက်သင်ကြားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခဲပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ထို့နောက် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ် ဦးစီးမှူး ဦးရှောလမွန်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

သန်းထွန်းအေး