ဂွမြို့နယ်တွင် ၂၀၂၂ ခုနှစ် မြန်မာ့ယဉ်ကျေးမှု မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ဒေသန္တရအမိန့် (၂/၂၀၂၂)အရ ထုတ်ပြန်

ဂွ ဧပြီ ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မြန်မာ့ယဉ်ကျေးမှု မဟာသင်္ကြန်ကာလ အတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ စည်းကမ်းသေဝပ်ရေး၊ ပြည်သူများ စိတ်အေးချမ်း ပျော်ရွှင်စွာ ရေပက်ကစားနိုင်ရေးကို ရှေးရှု၍ အများပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များ ပါဝင်သော  ဒေသန္တရအမိန့် (၂/၂၀၂၂)ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဧပြီလ(၇)ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသန္တရအမိန့်တွင် သင်္ကြန်ရေပက်ကစားရာတွင် အန္တရာယ်ဖြစ်စေသည့် ရေကစားနည်းမျိုး မကစားကြရန်၊ ရေကစားမဏ္ဍပ်အနီး ပတ်ဝန်းကျင်တွင် တရားမဝင်အရက်သေစာများ၊ မူးယစ် ဆေးဝါးများ ရောင်းချခြင်းမပြုရန်နှင့် တွေ့ရှိပါက တာဝန်ရှိသူများအား သတင်းပေးပို့တိုင်ကြားရန်၊ အမျိုးသမီးများအား ကာယအိန္ဒြေပျက်ပြားစေမည့် အပြုအမူမျိုး မပြုလုပ်ကြရန်၊ တုတ်ဓား လက်နက်များ ကိုင်ဆောင်ခြင်း/ စုဆောင်းခြင်း မပြုလုပ်ကြရန်၊ မြန်မာ့ရိုးရာသင်္ကြန်နှင့် ဆန့်ကျင် သော ဝတ်စားဆင်ယင်မှုများ မပြုကြရန်၊ ဗျောက်အိုးဖောက်ခြင်း/မီးရှူးမီးပန်းများဖောက်ခြင်း မပြု ကြရန်၊ ရေကစားခြင်းကို နံနက်(၆)နာရီမှ ညနေ(၆)နာရီထိသာ ဆောင်ရွက်ရန်၊ နိုင်ငံတော်အစိုးရ အပေါ်ဂုဏ်သိက္ခာနှင့် အကြည်ညိုပျက်စေမည့် ပြောဆိုခြင်း/သံချပ်ထိုးခြင်း/ သီဆိုခြင်း/ လှုပ်ရှား ဆောင်ရွက်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ မပြုကြရန် စသည့်  အများပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်(၈)ချက်ကို ထုတ်ပြန်ထားပြီး စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်