ပျော်ဘွယ် ဧပြီ ၁၀
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက်(၁၈) နှစ်နှင့်အထက် ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူများအား Mobile Team စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်(၇)နာရီမှ စတင်ကာအဖွဲ့(၄)ဖွဲခွဲ၍ ထိုနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့ပေါ်ရပ်ကွက် လူစည်ကားသည့်နေရာဖြစ်သော လွတ်လပ်ရေး ကျောက်တိုင်ကွင်း၊ ရွှေစေတီဘုရားအနီး၊ ပြည်သူ့ဈေးအနီးနှင့် မင်းရာမဘုရား အနီးတို့တွင် ကွင်းဆင်း ထိုးနှံပေးကြသည်။
ယခုက စုရပ်(၄)နေရာ သတ်မှတ်ပြီး မြို့ပေါ် ရပ်ကွက်မှာရှိတဲ့ပြည်သူတွေ၊ မြို့ပေါ်ကို အကြောင်းအမျိုးမျိုးနဲ့လာတဲ့ ကျေးရွာနေပြည်သူတွေကို စိစစ် ထိုးနှံပေးနေခြင်းဖြစ်ပါတယ်ဟု မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်တစ်ဦးထံမှ သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)