သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

သာစည် ဧပြီ ၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန် က ရသလမ်းဆုံ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရသလမ်းဆုံစာဖတ်ဝိုင်းတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာအောင်ပိုင်၊ စာရေးဆရာဝေးရင့်သီနှင့် စာရေးဆရာအလင်းချိုတို့က စာရေးဆရာနေနေနိုင်သူ၏ ဘဝ အောင်မြင်ရေး လူ့သဘာဝတ္ထအပိုင်းအစများ စာအုပ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာသော စာပေဝါသနာရှင်များက ဆွေးနွေးသည့် စာအုပ်ပါအကြောင်းအရာများ၊ သုတရသစာပေများနှင့်ပတ်သက်ပြီး သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်း (တာဝန်ပေး) နှင့် ဝန်ထမ်းများ၊ မြို့နယ်မှစာရေးဆရာများနှင့် စာပေဝါသနာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်